ငလျင်ဘေး ဖေးကူညီ Star နှင့်အတူ မှတ်တမ်းတည်
ပထမဦးစွာအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ကြုံတွေ့ခဲ့ရသော ငလျင်ဘေးဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးမှုများအပေါ် Star Holdings မိသားစုမှ ထပ်တူထပ်မျှ များစွာ ကြေကွဲဝမ်းနည်းရပါသည်။
သို့ဖြစ်ပါ၍ Star Holdings မိသားစုမှ မတည်လှူဒါန်းသော ပစ္စည်းများနှင့် အလှူခံရရှိခဲ့သော ပစ္စည်းများအားလုံးကို ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းသွားမည်ဖြစ်ပါကြောင်း ပြောကြားအပ်ပါသည်။
မြန်မာပြည်သူပြည်သားအပေါင်း ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာချမ်းသာပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။





