Drums Ordering Procedure
အဆင့်၁
ထုတ်ကုန် မိတ်ဆက်
Star Cooking Oil ကို ဖောက်သည်များအားမိတ်ဆက်ပြီး၊ အစိုးရ၏ ဟင်းချက်ဆီအရောင်းနှင့် သုံးစွဲမှုအတွက် သတ်မှတ်ထားသော အစီအမံများ (Oil Quota System) အကြောင်း ရှင်းလင်းပါ။ ထို့အပြင်ကုန်သွယ်ရေးဝန်ကြီးဌာန (MOC) နှင့် မြန်မာနိုင်ငံ အစားအသောက်လုပ်ငန်းရှင်များနှင့် တင်ပို့သူများအသင်း (MFPEA) မှတောင်းခံသည့် အချက်အလက်များနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (UMFCCI) မှ လိုအပ်သော အချက်အလက်များကို ပြောပြပါ။
အဆင့်၂
ဒေတာ စုဆောင်းခြင်းနှင့် တင်သွင်းခြင်း
ဖောက်သည်များသည် အောက်ပါစာရွက်စာတမ်းများကို MFPEA (UMFCCI) သို့ စုဆောင်း၍ တင်သွင်းပေးရန် လိုအပ်ပါသည်-
-ဆီဝယ်ရန် လျှောက်လွှာစာ (ကုမ္ပဏီ၏ Letterhead ပါရှိရမည်)
-ကုမ္ပဏီ မှတ်ပုံတင်စာချုပ်
- FDA ထောက်ခံချက်အမှတ်
-YCDC စီးပွားရေးလိုင်စင်
-စက်မှုကြီးကြပ်စစ်ဆေးရေးဌာနမှ ထုတ်ပေးသော ကိုယ်ပိုင် စက်မှုလုပ်ငန်းလိုင်စင်
-ကုန်သွယ် အခွန် ပေးဆောင်မှု ထောက်ခံချက်
-ကျမ်းကျိန်လွှာ (ကုမ္ပဏီ၏ Letterhead ပါရှိရမည်)
-ထုတ်ကုန်အမျိုးအစားများ၊ ဓာတ်ပုံများနှင့် လစဉ် ဆီသုံးစွဲမှုအသေးစိတ်အချက်အလက်များ
-UMFCCI မှ MFPEA အဖွဲ့ဝင် လက်မှတ်
အဆင့်၃
ဒေတာအတည်ပြုခြင်းနှင့် ဆီဝေစုခွဲဝေပေးမှု
ဖောက်သည်များမှ လိုအပ်သောအချက်အလက်များ တင်သွင်းပြီးနောက်၊ ကျွန်ုပ်တို့သည် အချက်အလက်များ၏မှန်ကန်မှုနှင့် ပြည့်စုံမှုကို စစ်ဆေးအတည်ပြုမည်ဖြစ်သည်။ အစိုးရ၏ ရရှိနိုင်သော ဆီသိုလှောင်မှုအခြေအနေနှင့်လမ်းညွှန်ချက်များနှင့်အညီ ဖောက်သည်များအတွက် သင့်တော်သော ဆီခွဲဝေပေးမှုကို စီစဉ်ပေးမည်ဖြစ်သည်။
အဆင့်၄
ဖောက်သည်များနှင့် ဆက်သွယ်ပြီး ငွေပေးချေမှုပြုလုပ်ခြင်း
ဆီခွဲဝေမှုခွဲတမ်း အတည်ပြုပြီးနောက်၊ ဖောက်သည်များနှင့် ဆက်သွယ်ကာ အစိုးရ ခွဲဝေထားသော ပမာဏအတိုင်း ငွေပေးချေမှုကို ပြုလုပ်ရမည်။
အဆင့်၅
ငွေပေးချေမှုအား အရောင်းအဖွဲ့သို့ လွှဲပြောင်းခြင်းနှင့် ပို့ဆောင်မှုလုပ်ငန်းစဉ် စတင်ခြင်း။
ရရှိထားသော ငွေပေးချေမှုကို အရောင်းအဖွဲ့သို့ လွှဲပြောင်းပြီးသည်နှင့် ဆီပို့ဆောင်မှုလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ပါ။
အဆင့်၆
ငွေပေးချေမှုဘောင်ချာကို စာရင်းကိုင်ဌာနသို့ ပေးပို့ခြင်း။
ငွေပေးချေမှုပြုလုပ်ထားသော ဘောင်ချာကို မှတ်တမ်းတင်ရန် စာရင်းကိုင်ဌာနသို့ တင်ပြပါ။
အဆင့်၇
ငွေပေးချေမှုအား စစ်ဆေးပြီး လက်ခံရရှိခြင်းအတည်ပြုမှု။
စာရင်းကိုင်ဌာနသည် ငွေပေးချေမှုဘောင်ချာကို စစ်ဆေးပြီး အရောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ငွေပေးချေမှု လက်ခံရရှိခြင်းကို အတည်ပြုပါလိမ့်မည်။
အဆင့်၈
ပို့ဆောင်မှုလုပ်ငန်းစဉ်ကို စတင်ခြင်း။
STARoil App မှတစ်ဆင့် (သို့) ယေဘူယျ မှာယူထားသော အရေအတွက်ကို ဖောက်သည်များဆီ အချိန်မှီ ပို့ဆောင်နိုင်ရန် လုပ်ဆောင်ပါ။ KIP Tank ကို ပို့ဆောင်မှုအတွက် အသင့်ဖြစ်နေစေရန် အသိပေးပါ။
အဆင့်၉
KIP Tank မှ ပို့ဆောင်မှု။
ပို့ဆောင်မှုသည် KIP Tank မှ ပြုလုပ်မည်ဖြစ်ပြီး၊ ပို့ဆောင်မှုအမိန့်လက်မှတ်နှင့် STARoil App မှ အော်ဒါအမှားမရှိအောင် တစ်ဆက်တည်းစစ်ဆေးဆောင်ရွက်မည်ဖြစ်သည်။
အဆင့်၁၀
ဖောက်သည်ထံ ဆီပို့ဆောင်မှုပြီးမြောက်ကြောင်း အတည်ပြုခြင်း။
ပို့ဆောင်မှုအမိန့်ကို စစ်ဆေး၍ အမှားမရှိစေပဲ ဖောက်သည်ထံ ဆီပို့ပေးမည်ဖြစ်ပြီး နောက်ဆုံးအဆင့်အနေဖြင့် ပို့ဆောင်မှုပြုလုပ်ပြီးကြောင်း အတည်ပြုမည်ဖြစ်သည်။
ဆီမှာယူထားသော ဖောက်သည်များအတွက် ကုန်ပစ္စည်းပို့ဆောင်မှု။
- စာရင်းကိုင်ဌာနမှ ဖောက်သည်များထံမှ ငွေပေးချေမှုကို လက်ခံရရှိအတည်ပြုပြီးနောက်၊ ပို့ဆောင်မှုအဖွဲ့သည် ကုန်ပစ္စည်းပို့ဆောင်ခြင်းကို ဆက်လက်ဆောင်ရွက်မည်။ ကုန်ပစ္စည်းများတွင် အရောင်းအမိန့်၊ အရောင်းငွေထုတ်လွှာနှင့် ပို့ဆောင်မှုအမိန့်များ ပါဝင်ပြီး၊ သက်ဆိုင်သောဖောက်သည်များအတွက် ထုတ်ပေးမည်ဖြစ်ပါသည်။
လိုအပ်သော အချက်အလက်များ
- ကုန်သွယ်ရေးဝန်ကြီးဌာန (MOC) မှ အတည်ပြုချက်။
- Star Oil ၏ ထုတ်ကုန်အသုံးပြုမှ၊ လုံခြုံရေးလမ်းညွှန်ချက်များနှင့်လိုက်လျောညီထွေမှု ။
- စက်မှုလုပ်ငန်းအရောင်းနှင့်လိုက်လျောညီထွေသော လက်ကားဝယ်ယူမှုစာချုပ်များ ။
သင့်အဖွဲ့အစည်းသည် MOC မှအတည်ပြုထားပြီးဖြစ်ပြီး သင့်လုပ်ငန်းလည်ပတ်မှုအတွက် ယုံကြည်စိတ်ချရသော၊ အရည်အသွေးမြင့် ဆီထုတ်ကုန်များလိုအပ်ပါက ကျွန်ုပ်တို့သည် သင့်အား ကူညီရန် အသင့်ဖြစ်ပါသည်။ ယနေ့တွင် ကျွန်ုပ်တို့နှင့် ဆက်သွယ်၍ သင့်လုပ်ငန်းခွင်မှ ဆီမှာယူနိုင်ခွင့် အရည်အချင်းပြည့်မှီမှုကို စစ်ဆေးပြီး သင့်လုပ်ငန်းခွင်နှင့်သင့်တော်သော ကျွနုပ်တို့၏ထုတ်ကုန်များကို လေ့လာပါ။